နဲနဲေလးအေအးခံလိုက္တာနဲ႔ တစ္ဆစ္ဆစ္ကိုက္ခဲေနတဲ့ ခါးနာ ေဝဒနာကို ေပ်ာက္ကင္းေစတဲ့နည္း

နဲနဲေလးအေအးခံလိုက္တာနဲ႔ တစ္ဆစ္ဆစ္ကိုက္ခဲေနတဲ့ ခါးနာ ေဝဒနာကို ေပ်ာက္ကင္းေစတဲ့နည္း

ခါးနာေဝဒနာကို ခံစားေနရပါသလား..? နဲနဲေလးအေအးခံလိုက္တာနဲ႔ အရိုးအဆစ္ျမစ္ေတြ တစ္ဆစ္ဆစ္ကိုက္ခဲတာမ်ိဳးေတြ ျဖစ္ေနပါသလား..?

အခုေဖာ္ျပမယ့္ နည္းလမ္းေလးကို သုံးၾကည့္လိုက္႐ုံနဲ႔ ဒီေဝဒနာေတြအားလုံး ယူပစ္သလို ကင္းစင္သြားပါလိမ့္မယ္။

ခါးနာ၊ အရိုးအဆစ္ေတြ ကိုက္တတ္လို႔ ဆရာဝန္သြားျပရင္ ဆရာဝန္ေတြ အားလုံးက ဒီျပႆနာဟာ အေနအထိုင္ ကိုယ္ေနဟန္ထား မမွန္ကန္လို႔ ျဖစ္တာ၊ ဘယ္လိုေန ဘယ္လိုထိုင္ စသည္ျဖင့္ လမ္းညႊန္ခ်က္ေတြနဲ႔ သက္သာေစမယ့္ ေဆးေတြေပးၾကမွာ ေသခ်ာပါတယ္။ ေဆးေတြက ခဏေတာ့ သက္သာေစမွာပါ။

ေရရွည္မွာ ဒီလိုေဝဒနာေတြ ကင္းရွင္းသြားဖို႔အတြက္ မိမိရဲ့ အိမ္မွာပဲ လြယ္လြယ္ကူကူ ျပဳလုပ္နိုင္မယ့္ ေဆးနည္းေလး ေပးလိုက္ပါရေစ။ (လြယ္လြန္းလို႔ ဟုတ္ရဲ့လားလို႔ သံသယမျဖစ္လိုက္ပါနဲ႔)

ဒီေဆးနည္းမွာ အဓိက လိုအပ္တာကေတာ့ “ေက်ာက္ေက်ာမွုန႔္” ပါ။ ေက်ာက္ေက်ာမွုန႔္ ဆိုေပမယ့္ ခါတိုင္း ေက်ာက္ေက်ာထိုးဖို႔အတြက္ ဝယ္ေနက် ဓာတုေဗဒ ေက်ာက္ေက်ာမွုန႔္မ်ိဳးနဲ႔ေတာ့ မရပါဘူး။

သဘာဝ “ေအာ္ဂန္းနစ္ေက်ာက္ေက်ာမွုန႔္” ျဖစ္ဖို႔လိုပါတယ္။ အဂၤလိပ္လို “Gelatin Powder” လို႔ ေခၚပါတယ္။ စူပါမားကတ္ေတြမွာ ရွာဝယ္လို႔ ရနိုင္ပါတယ္။(ေဖာ္ျပပါ ပုံေတြထဲကအတိုင္း Organic Gelatin Powder လို႔ ေရးထားရင္ ရပါတယ္)

ေဆးနည္း

ညမအိပ္မီ “Gelatin Powder” ကို လက္ဖက္ရည္ဇြန္း ၂ ဇြန္း ခြက္ထဲကိုထည့္ ၿပီးေနာက္ ေရေအးေအး ၅၀ မီလီမီတာနဲ႔ ေရာသမေအာင္ ေမႊၿပီး အခန္းအပူခ်ိန္မွာပဲ တစ္ညလုံး ခဲထားေပးပါ။

ေနာက္တစ္ေန႔ နံနက္ေရာက္တဲ့အခါမွာေတာ့ ဂ်ယ္လီေက်ာက္ေက်ာတုံး ျဖစ္ေနတာကို ေတြ႕ရပါလိမ့္မယ္။

အဆိုပါေက်ာက္ေက်ာတုံးကို (မိမိစိတ္ႀကိဳက္) အသီးေဖ်ာ္ရည္ တစ္မ်ိဳးမ်ိဳး၊ ႏြားနို႔၊ ဒိန္ခ်ဥ္ စသည္တို႔နဲ႔ျဖစ္ေစ၊ ဒီတိုင္းျဖစ္ေစ မနက္စာ စားတဲ့အခါ သင့္ေတာ္သလို ထည့္စားေပးပါ။

ေဖာ္ျပပါနည္းလမ္းအတိုင္း တစ္ပတ္တိတိ လိုက္နာစာသုံးၾကည့္ပါ။

ခါးနာတာေတြ အရိုးအဆစ္ကိုက္တာေတြ သိသိသာသာ သက္သာလာတာကို ခံစားရပါမယ္။

၁ လ ဆက္တိုက္ ဆက္စားၾကည့္မယ္ဆိုရင္ ခါးနာတာ လုံးဝ ေပ်ာက္ကင္းသြားပါလိမ့္မယ္။

ခါးနာ၊ အရိုးအဆစ္ကိုက္တာ လုံးဝ ေပ်ာက္ကင္းသြားၿပီဆိုရင္ စားသုံးတာကို ရပ္လို႔ရပါၿပီ။ဒါေပမယ့္ အႀကံျပဳခ်င္တာကေတာ့ ေနာက္ထပ္ ၁ လေနရင္ ဒုတိယအႀကိမ္အျဖစ္ ေဖာ္ျပပါအတိုင္း ထပ္ၿပီးစားသုံးပါ။ တတိယအႀကိမ္အျဖစ္ ေနာက္ထပ္ ၆ လေနမွ ထပ္မံစားသုံးဖို႔လိုပါတယ္။

ေက်ာက္ေက်ာမွုန႔္က ဘာေၾကာင့္ သက္သာေစရသလဲ..?

ေအာ္ဂန္းနစ္ သဘာဝေက်ာက္ေက်ာမွုန႔္ေတြဟာ တရိစၧာန္သတၱဝါအႀကီးမ်ိဳးေတြရဲ့ အရိုး၊ အရိုးႏုနဲ႔ တစ္ရွုးေတြကေန ထုတ္လုပ္ထားတာျဖစ္ပါတယ္။

ဒါေၾကာင့္ သဘာဝေက်ာက္ေက်ာမွုန႔္ေတြထဲမွာ အရိုးအဆစ္ေတြကို အားျပန္ျဖည့္ေပးတဲ့ အမိုင္နိုအက္ဆစ္၊ ပရိုလိုင္းနဲ႔ ဟိုက္ဒရိုဆီပရိုလိုင္းတို႔ အျပည့္အဝ ပါဝင္တာေၾကာင့္ျဖစ္ပါတယ္။

ဒီအဟာရဓာတ္ေတြဟာ အရိုးနဲ႔ အဆစ္ျမစ္တစ္ရွုးေတြကို သန္မာေစတဲ့အတြက္ ခါးနာ၊ အဆစ္ျမစ္နာတာေတြကို သက္သာေပ်ာက္ကင္း ေစတာျဖစ္ပါတယ္။

အရိုးအဆစ္ေတြဟာ အခ်ိန္နဲ႔အမၽွ အသုံးျပဳေနတာမို႔ လိုအပ္တဲ့ အဟာရကို ျပန္လည္ ျဖည့္တင္းဖို႔ ေဝဒနာရဲ့ သက္သာေပ်ာက္ကင္းမွုအေပၚ မူတည္ကာ လပိုင္း ျခားျခားၿပီး စားသုံးျခင္းျဖင့္ အၿပီးတိုင္ ေပ်ာက္ကင္းခ်မ္းသာေစပါတယ္။

Unicode

နဲနဲလေးအအေးခံလိုက်တာနဲ့ တစ်ဆစ်ဆစ်ကိုက်ခဲနေတဲ့ ခါးနာ ဝေဒနာကို ပျောက်ကင်းစေတဲ့နည်း

ခါးနာဝေဒနာကို ခံစားနေရပါသလား..? နဲနဲလေးအအေးခံလိုက်တာနဲ့ အရိုးအဆစ်မြစ်တွေ တစ်ဆစ်ဆစ်ကိုက်ခဲတာမျိုးတွေ ဖြစ်နေပါသလား..?

အခုဖော်ပြမယ့် နည်းလမ်းလေးကို သုံးကြည့်လိုက်ရုံနဲ့ ဒီဝေဒနာတွေအားလုံး ယူပစ်သလို ကင်းစင်သွားပါလိမ့်မယ်။

ခါးနာ၊ အရိုးအဆစ်တွေ ကိုက်တတ်လို့ ဆရာဝန်သွားပြရင် ဆရာဝန်တွေ အားလုံးက ဒီပြဿနာဟာ အနေအထိုင် ကိုယ်နေဟန်ထား မမှန်ကန်လို့ ဖြစ်တာ၊ ဘယ်လိုနေ ဘယ်လိုထိုင် စသည်ဖြင့် လမ်းညွှန်ချက်တွေနဲ့ သက်သာစေမယ့် ဆေးတွေပေးကြမှာ သေချာပါတယ်။ ဆေးတွေက ခဏတော့ သက်သာစေမှာပါ။

ရေရှည်မှာ ဒီလိုဝေဒနာတွေ ကင်းရှင်းသွားဖို့အတွက် မိမိရဲ့ အိမ်မှာပဲ လွယ်လွယ်ကူကူ ပြုလုပ်နိုင်မယ့် ဆေးနည်းလေး ပေးလိုက်ပါရစေ။ (လွယ်လွန်းလို့ ဟုတ်ရဲ့လားလို့ သံသယမဖြစ်လိုက်ပါနဲ့)

ဒီဆေးနည်းမှာ အဓိက လိုအပ်တာကတော့ “ကျောက်ကျောမှုန့်” ပါ။ ကျောက်ကျောမှုန့် ဆိုပေမယ့် ခါတိုင်း ကျောက်ကျောထိုးဖို့အတွက် ဝယ်နေကျ ဓာတုဗေဒ ကျောက်ကျောမှုန့်မျိုးနဲ့တော့ မရပါဘူး။

သဘာဝ “အော်ဂန်းနစ်ကျောက်ကျောမှုန့်” ဖြစ်ဖို့လိုပါတယ်။ အင်္ဂလိပ်လို “Gelatin Powder” လို့ ခေါ်ပါတယ်။ စူပါမားကတ်တွေမှာ ရှာဝယ်လို့ ရနိုင်ပါတယ်။(ဖော်ပြပါ ပုံတွေထဲကအတိုင်း Organic Gelatin Powder လို့ ရေးထားရင် ရပါတယ်)

ဆေးနည်း

ညမအိပ်မီ “Gelatin Powder” ကို လက်ဖက်ရည်ဇွန်း ၂ ဇွန်း ခွက်ထဲကိုထည့် ပြီးနောက် ရေအေးအေး ၅၀ မီလီမီတာနဲ့ ရောသမအောင် မွှေပြီး အခန်းအပူချိန်မှာပဲ တစ်ညလုံး ခဲထားပေးပါ။

နောက်တစ်နေ့ နံနက်ရောက်တဲ့အခါမှာတော့ ဂျယ်လီကျောက်ကျောတုံး ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။

အဆိုပါကျောက်ကျောတုံးကို (မိမိစိတ်ကြိုက်) အသီးဖျော်ရည် တစ်မျိုးမျိုး၊ နွားနို့၊ ဒိန်ချဉ် စသည်တို့နဲ့ဖြစ်စေ၊ ဒီတိုင်းဖြစ်စေ မနက်စာ စားတဲ့အခါ သင့်တော်သလို ထည့်စားပေးပါ။

ဖော်ပြပါနည်းလမ်းအတိုင်း တစ်ပတ်တိတိ လိုက်နာစာသုံးကြည့်ပါ။

ခါးနာတာတွေ အရိုးအဆစ်ကိုက်တာတွေ သိသိသာသာ သက်သာလာတာကို ခံစားရပါမယ်။

၁ လ ဆက်တိုက် ဆက်စားကြည့်မယ်ဆိုရင် ခါးနာတာ လုံးဝ ပျောက်ကင်းသွားပါလိမ့်မယ်။

ခါးနာ၊ အရိုးအဆစ်ကိုက်တာ လုံးဝ ပျောက်ကင်းသွားပြီဆိုရင် စားသုံးတာကို ရပ်လို့ရပါပြီ။ဒါပေမယ့် အကြံပြုချင်တာကတော့ နောက်ထပ် ၁ လနေရင် ဒုတိယအကြိမ်အဖြစ် ဖော်ပြပါအတိုင်း ထပ်ပြီးစားသုံးပါ။ တတိယအကြိမ်အဖြစ် နောက်ထပ် ၆ လနေမှ ထပ်မံစားသုံးဖို့လိုပါတယ်။

ကျောက်ကျောမှုန့်က ဘာကြောင့် သက်သာစေရသလဲ..?

အော်ဂန်းနစ် သဘာဝကျောက်ကျောမှုန့်တွေဟာ တရိစ္ဆာန်သတ္တဝါအကြီးမျိုးတွေရဲ့ အရိုး၊ အရိုးနုနဲ့ တစ်ရှုးတွေကနေ ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ဒါကြောင့် သဘာဝကျောက်ကျောမှုန့်တွေထဲမှာ အရိုးအဆစ်တွေကို အားပြန်ဖြည့်ပေးတဲ့ အမိုင်နိုအက်ဆစ်၊ ပရိုလိုင်းနဲ့ ဟိုက်ဒရိုဆီပရိုလိုင်းတို့ အပြည့်အဝ ပါဝင်တာကြောင့်ဖြစ်ပါတယ်။

ဒီအဟာရဓာတ်တွေဟာ အရိုးနဲ့ အဆစ်မြစ်တစ်ရှုးတွေကို သန်မာစေတဲ့အတွက် ခါးနာ၊ အဆစ်မြစ်နာတာတွေကို သက်သာပျောက်ကင်း စေတာဖြစ်ပါတယ်။

အရိုးအဆစ်တွေဟာ အချိန်နဲ့အမျှ အသုံးပြုနေတာမို့ လိုအပ်တဲ့ အဟာရကို ပြန်လည် ဖြည့်တင်းဖို့ ဝေဒနာရဲ့ သက်သာပျောက်ကင်းမှုအပေါ် မူတည်ကာ လပိုင်း ခြားခြားပြီး စားသုံးခြင်းဖြင့် အပြီးတိုင် ပျောက်ကင်းချမ်းသာစေပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *