ေအာ္တိုဂီယာ ကားအသုံးျပဳသူေတြ မျဖစ္မေန သိထားသင့္တဲ့ အခ်က္ (၈) ခု

ေအာ္တိုဂီယာ ကားအသုံးျပဳသူေတြ မျဖစ္မေန သိထားသင့္တဲ့ အခ်က္ (၈) ခု

ေအာ္တိုဂီယာကားေတြဟာ လူသစ္ေတြအတြက္ေတာ့ ေကာင္းခ်ီးတစ္ခုပါပဲ။ လြယ္တယ္၊ ျမန္တယ္၊ ဘာမွစိတ္မရႈပ္ရဘူး။ ဒါမဲ့လဲ အခ်ိဳ႕အရာေတြကို အသုံးျပဳတဲ့နည္းလမ္း မွားတဲ့အခါမွာဆိုရင္ ဝမ္းနည္းစရာေတြျဖစ္လာနိုင္ပါတယ္။ လြယ္တယ္လို႔ထင္ရေပမဲ့ အခ်ိဳ႕အက်င့္ဆိုးေလးေတြက သင့္ကိုဒုကၡျဖစ္ေစနိုင္ပါတယ္။

ကားပ်က္စီး ယိုယြင္းသြားတဲ့အခါမွာ လဲအစားထိုးဖို႔ပစၥည္းေတြကို သင္ကိုယ္တိုင္ရွာေဖြရတဲ့အခါ အဆင္မေျပမႈေတြျဖစ္လာနိုင္ပါတယ္။ ဒါေၾကာင့္ သတိထားပီး ေရွာင္ရွားသင့္တဲ့ အခ်က္ေလးေတြကို ေဖာ္ျပလိုက္ပါမယ္ေနာ္..

၁။ သင္ဟာ ကားေပၚမွာပဲအခ်ိန္အၾကာႀကီး ထိုင္ေနမယ္ဆိုရင္ ဂီယာကို ဒီ(Drive) မွာမထားခဲ့ပါနဲ႔

ဒီတိုင္း ကားေပၚမွာ အခ်ိန္အၾကာႀကီးထိုင္ပဲ ထိုင္ေနမယ့္ဟာကို ဂီယာကို “ဒီ” မွာထားထားမယ္ဆိုရင္ အပူလြန္ကဲမႈျဖစ္ပီး သင့္ကားကို ထိခိုက္ေစနိုင္ပါတယ္။ အဲ့လိုအခ်ိန္မ်ိဳးမွာဆိုရင္ ကားကိုစက္သတ္ထားတာပဲျဖစ္ျဖစ္ ပါကင္ဂီယာမွာ ထားတာပဲျဖစ္ျဖစ္ ျပဳလုပ္ထားတာက သင့္ေရာသင့္ကားအတြက္ပါ ေဘးကင္းေစမွာပါ။

၂။ ပါကင္ဘရိတ္ဆြဲဖို႔မေမ့ပါနဲ႔

ပါကင္ဘရိတ္ဆြဲဖို႔ ေမ့တာကလဲ အင္မတန္ကိုမွႀကီးမားတဲ့ အမွားတစ္ခုပါ။ ကားစေမာင္းတဲ့သူေတြ သိထားရမွာက ပါကင္ဘရိတ္ကိုသာ မဆြဲထားရင္ အေသးအဖြားေလးကအစဒ ုကၡေရာက္နိုင္တယ္ဆိုတာကိုပါ။

၃။ ေတာင္ေပၚကဆင္းတဲ့အခါ “N” ဂီယာမထိုးထားပါနဲ႔

ေတာင္ေပၚအဆင္းကိုေမာင္းတဲ့အခါ “N”ဂီယာထိုးထားတာက ဂတ္စ္ေခၽြတာရာေရာက္တယ္လို႔ သင္ထင္ေကာင္းထင္ပါလိမ့္မယ္။ တကယ္ေတာ့အဲ့လိုမဟုတ္ပါဘူး။ အဲ့လိုလုပ္ထားျခင္းဟာ သိပ္ကိုအႏၲရာယ္မ်ားပါတယ္။ ကားကို ထိန္းခ်ဳပ္နိုင္စြမ္းကိုလဲ ေလ်ာ့က်ေစပီး ကားဂီယာေတြကို လဲပ်က္စီးေစနိုင္ပါတယ္။

၄။ မီးပြိဳင့္မိေနတဲ့ အခါမွာလဲ “N”ဂီယာမွာမထားပါနဲ႔

ၿမိဳ႕ႀကီးျပႀကီးမွာေနတဲ့ ဘယ္သူမဆို မီးပြိဳင့္မိပီးကားပိတ္တာကို ေတြ႕ၾကဳံရမွာျဖစ္ပါတယ္။ အခ်ိန္ကုန္ လူပင္ပန္းေစတဲ့အရာတစ္ခုဆိုလဲ မမွားပါဘူး။ ဒါမဲ့လဲ အဲ့လိုဆိုပီး “N”ဂီယာကိုသုံးတာက မွားသြားနိုင္ပါတယ္။ သင္ေလာင္စာကုန္ သက္သာမယ္လို႔ ထင္ရင္မွားသြားပါလိမ့္မယ္။ ” N”ဂီယာမွာထားျခင္းအားျဖင့္ သင့္ရဲ့ကားကိုထိန္းခ်ဳပ္နိုင္စြမ္းကိုလဲ ေလ်ာ့ေစပီး ျမန္ျမန္ဆန္ဆန္ မကိုင္တြယ္နိုင္တာမ်ိဳးေတြျဖစ္လာနိုင္ပါတယ္။

၅။ ကားေရြ႕လ်ားေနတာ မရပ္ေသးဘူးဆိုရင္ “D” ကေန “R” ကိုခ်က္ခ်င္းႀကီးမေျပာင္းလိုက္ပါနဲ႔

ဒီလိုျပဳလုပ္ျခင္းဟာ ေဘးမကင္းတဲ့အျပင္ သင့္ေအာ္တိုဂီယာေတြကိုပ်က္စီးေစနိုင္ပါတယ္။ ဒါေၾကာင့္ အရငမဆုံး ရပ္လိုက္ပါ။ ရပ္သြားတာေသခ်ာပီဆိုမွက်န္တာဆက္လုပ္ပါ။

၆။ ေအာ္တိုကားမွာ ေျခေထာက္တစ္ဖက္ပဲသုံးပါ။

ေအာ္တိုကားေတြမွာ ေျခေထာက္တစ္ဖက္ပဲသုံးတာပိုပီးေကာင္းပါတယ္။ ေျခေထာက္ ၂ ဖက္သုံးမယ္ဆိုရင္ တစ္ခ်ိန္တည္းမွာပဲ ေျခနင္းျပား ၂ ခုလုံးကိုနင္းမိနိုင္ပါတယ္။ ဒါေၾကာင့္ ေျခေထာက္တစ္ဖက္ကိုပဲသုံးပီးေမာင္းတတ္ေအာင္က်င့္ထားသင့္ပါတယ္။

၇။ ကားအျပည့္အဝမရပ္ေသးတဲ့အခ်ိန္မွာ ပါကင္ ဂီယာမထိုးပါနဲ႔

ကားအျပည့္အဝမရပ္တန႔္ေသးတဲ့အခ်ိန္မွာ ပါကင္ဂီယာသြားထိုးတာဟာ ေအာ္တိုဂီယာစနစ္ မွာအသုံးျပဳထားတဲ့ ေလာ့ခ္ပင္ ေလးကိုပ်က္စီးေစနိုင္ပါတယ္။ ဒါေၾကာင့္ ပါကင္ထိုးရမယ့္ေနရရွာေတြ႕တဲ့အခါ အလ်င္မလိုပါနဲ႔။ ကားကိုအရင္ရပ္ပါ။ ပီးေတာ့မွ ပါကင္ဂီယာထိုးပါ။

၈။ ဂီယာထဲကို ေရမဝင္ပါေစနဲ႔

အရည္ေတြကို သတိထားေပးပါ။ နဲနဲပဲျဖစ္ျဖစ္ေရဝင္သြားရင္ေတာင္ ပ်က္စီးဆုံးရႈံးမႈမ်ားနိုင္ပါတယ္။

ခရက္ဒစ္ xyz နယူး

Unicode

အော်တိုဂီယာကားတွေဟာ လူသစ်တွေအတွက်တော့ ကောင်းချီးတစ်ခုပါပဲ။ လွယ်တယ်၊ မြန်တယ်၊ ဘာမှစိတ်မရှုပ်ရဘူး။ ဒါမဲ့လဲ အချို့အရာတွေကို အသုံးပြုတဲ့နည်းလမ်း မှားတဲ့အခါမှာဆိုရင် ဝမ်းနည်းစရာတွေဖြစ်လာနိုင်ပါတယ်။ လွယ်တယ်လို့ထင်ရပေမဲ့ အချို့အကျင့်ဆိုးလေးတွေက သင့်ကိုဒုက္ခဖြစ်စေနိုင်ပါတယ်။

ကားပျက်စီး ယိုယွင်းသွားတဲ့အခါမှာ လဲအစားထိုးဖို့ပစ္စည်းတွေကို သင်ကိုယ်တိုင်ရှာဖွေရတဲ့အခါ အဆင်မပြေမှုတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သတိထားပီး ရှောင်ရှားသင့်တဲ့ အချက်လေးတွေကို ဖော်ပြလိုက်ပါမယ်နော်..

၁။ သင်ဟာ ကားပေါ်မှာပဲအချိန်အကြာကြီး ထိုင်နေမယ်ဆိုရင် ဂီယာကို ဒီ(Drive) မှာမထားခဲ့ပါနဲ့

ဒီတိုင်း ကားပေါ်မှာ အချိန်အကြာကြီးထိုင်ပဲ ထိုင်နေမယ့်ဟာကို ဂီယာကို “ဒီ” မှာထားထားမယ်ဆိုရင် အပူလွန်ကဲမှုဖြစ်ပီး သင့်ကားကို ထိခိုက်စေနိုင်ပါတယ်။ အဲ့လိုအချိန်မျိုးမှာဆိုရင် ကားကိုစက်သတ်ထားတာပဲဖြစ်ဖြစ် ပါကင်ဂီယာမှာ ထားတာပဲဖြစ်ဖြစ် ပြုလုပ်ထားတာက သင့်ရောသင့်ကားအတွက်ပါ ဘေးကင်းစေမှာပါ။

၂။ ပါကင်ဘရိတ်ဆွဲဖို့မမေ့ပါနဲ့

ပါကင်ဘရိတ်ဆွဲဖို့ မေ့တာကလဲ အင်မတန်ကိုမှကြီးမားတဲ့ အမှားတစ်ခုပါ။ ကားစမောင်းတဲ့သူတွေ သိထားရမှာက ပါကင်ဘရိတ်ကိုသာ မဆွဲထားရင် အသေးအဖွားလေးကအစဒ ုက္ခရောက်နိုင်တယ်ဆိုတာကိုပါ။

၃။ တောင်ပေါ်ကဆင်းတဲ့အခါ “N” ဂီယာမထိုးထားပါနဲ့

တောင်ပေါ်အဆင်းကိုမောင်းတဲ့အခါ “N”ဂီယာထိုးထားတာက ဂတ်စ်ချွေတာရာရောက်တယ်လို့ သင်ထင်ကောင်းထင်ပါလိမ့်မယ်။ တကယ်တော့အဲ့လိုမဟုတ်ပါဘူး။ အဲ့လိုလုပ်ထားခြင်းဟာ သိပ်ကိုအန္တရာယ်များပါတယ်။ ကားကို ထိန်းချုပ်နိုင်စွမ်းကိုလဲ လျော့ကျစေပီး ကားဂီယာတွေကို လဲပျက်စီးစေနိုင်ပါတယ်။

၄။ မီးပွိုင့်မိနေတဲ့ အခါမှာလဲ “N”ဂီယာမှာမထားပါနဲ့

မြို့ကြီးပြကြီးမှာနေတဲ့ ဘယ်သူမဆို မီးပွိုင့်မိပီးကားပိတ်တာကို တွေ့ကြုံရမှာဖြစ်ပါတယ်။ အချိန်ကုန် လူပင်ပန်းစေတဲ့အရာတစ်ခုဆိုလဲ မမှားပါဘူး။ ဒါမဲ့လဲ အဲ့လိုဆိုပီး “N”ဂီယာကိုသုံးတာက မှားသွားနိုင်ပါတယ်။ သင်လောင်စာကုန် သက်သာမယ်လို့ ထင်ရင်မှားသွားပါလိမ့်မယ်။ ” N”ဂီယာမှာထားခြင်းအားဖြင့် သင့်ရဲ့ကားကိုထိန်းချုပ်နိုင်စွမ်းကိုလဲ လျော့စေပီး မြန်မြန်ဆန်ဆန် မကိုင်တွယ်နိုင်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။

၅။ ကားရွေ့လျားနေတာ မရပ်သေးဘူးဆိုရင် “D” ကနေ “R” ကိုချက်ချင်းကြီးမပြောင်းလိုက်ပါနဲ့

ဒီလိုပြုလုပ်ခြင်းဟာ ဘေးမကင်းတဲ့အပြင် သင့်အော်တိုဂီယာတွေကိုပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် အရငမဆုံး ရပ်လိုက်ပါ။ ရပ်သွားတာသေချာပီဆိုမှကျန်တာဆက်လုပ်ပါ။

၆။ အော်တိုကားမှာ ခြေထောက်တစ်ဖက်ပဲသုံးပါ။

အော်တိုကားတွေမှာ ခြေထောက်တစ်ဖက်ပဲသုံးတာပိုပီးကောင်းပါတယ်။ ခြေထောက် ၂ ဖက်သုံးမယ်ဆိုရင် တစ်ချိန်တည်းမှာပဲ ခြေနင်းပြား ၂ ခုလုံးကိုနင်းမိနိုင်ပါတယ်။ ဒါကြောင့် ခြေထောက်တစ်ဖက်ကိုပဲသုံးပီးမောင်းတတ်အောင်ကျင့်ထားသင့်ပါတယ်။

၇။ ကားအပြည့်အဝမရပ်သေးတဲ့အချိန်မှာ ပါကင် ဂီယာမထိုးပါနဲ့

ကားအပြည့်အဝမရပ်တန့်သေးတဲ့အချိန်မှာ ပါကင်ဂီယာသွားထိုးတာဟာ အော်တိုဂီယာစနစ် မှာအသုံးပြုထားတဲ့ လော့ခ်ပင် လေးကိုပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ပါကင်ထိုးရမယ့်နေရရှာတွေ့တဲ့အခါ အလျင်မလိုပါနဲ့။ ကားကိုအရင်ရပ်ပါ။ ပီးတော့မှ ပါကင်ဂီယာထိုးပါ။

၈။ ဂီယာထဲကို ရေမဝင်ပါစေနဲ့

အရည်တွေကို သတိထားပေးပါ။ နဲနဲပဲဖြစ်ဖြစ်ရေဝင်သွားရင်တောင် ပျက်စီးဆုံးရှုံးမှုများနိုင်ပါတယ်။

ခရက်ဒစ် xyz နယူး

Add a Comment

Your email address will not be published. Required fields are marked *