သင့္ရဲ႕ကားမွ အင္ဂ်င္ပလတ္လဲဖို႔ လိုေနၿပီဆိုတာ သိႏုိင္တဲ့ အခ်က္သုံးခ်က္

သင့္ရဲ႕ကားမွ အင္ဂ်င္ပလတ္လဲဖို႔ လိုေနၿပီဆိုတာ သိႏုိင္တဲ့ အခ်က္သုံးခ်က္

သင့္ရဲ႕ကားမွာ အင္ဂ်င္ပလတ္ (spark plug) လဲဖို႔လိုအပ္ေနၿပီဆိုတာကို ဒီအခ်က္သုံးခ်က္က ညႊန္ျပပါတယ္

(၁) စက္ႏွိုးၿပီး ကားရပ္ထားတဲ့အခ်ိန္ (Idle အေျခအေနမွာ)စက္အရမ္းတုန္ေနမယ္။ RPM က မၿငိမ္ဘူးျဖစ္ေနမယ္။

(၂) ကုန္အတက္ေတြ၊ ဝန္မ်ားတဲ့အခ်ိန္ေတြ၊ အျမန္ေမာင္းတဲ့အခ်ိန္ေတြမွာ ကားကတြန႔္ဆုတ္တြန႔္ဆုတ္ျဖစ္မယ္။ အဲဒါက မီးမကူးတာ (misfire) ျဖစ္တာပါ။ ကိုယ္က လီဗာနင္းေနေပမဲ့ ကားကမထြက္ဘူးျဖစ္ေနမယ္။ အဲဒါဟာ ပလတ္လဲဖို့လိုအပ္ေနတာပါ။

(၃) ဆီစားမ်ားလာမယ္။ ပလတ္မေကာင္းရင္ ဆီပိုသုံးမွ မီးေလာင္ကၽြမ္းတာျဖစ္လို့ ဆီပိုကုန္လာမယ္။

ပလတ္ကို ပုံမွန္စစ္ေဆးသင့္ပါတယ္။ ကီလိုႏွစ္ေသာင္းကေန ကီလိုတစ္သိန္းခြဲအထိ ေမာင္းႏွင္ၿပီးတိုင္း ပလတ္ကိုလဲလွယ္သင့္ပါတယ္။

ပလတ္အသစ္လဲလွယ္ရင္သိထားသင့္တဲ့ အခ်က္ သုံးခ်က္ကေတာ့

(၁) မိမိကားအတြက္ သင့္ေတာ္မယ့္ spark plug heat value ကို သတိထားပါ။

(၂) Platinum နဲ႔ Iridium ပလတ္ေတြဟာ Copper နဲ႔ Nickel ပလတ္ေတြထက္အၾကမ္းပိုခံပါတယ္။ အဆြဲအ႐ုန္းပိုေကာင္းေစပါတယ္။

(၃) ကားထုတ္လုပ္တဲ့ ကုမၼဏီကသတ္မွတ္ေပးထားတဲ့ ပလတ္ကိုဦးစားေပးသုံးရပါမယ္။ တံဆိပ္တူတာ ရွာမေတြ႕ရင္ (Cross Reference) လုပ္ၿပီးရွာပါ။

ခရက္ဒစ္ automobile

Unicode

သင့်ရဲ့ကားမှ အင်ဂျင်ပလတ်လဲဖို့ လိုနေပြီဆိုတာ သိနိုင်တဲ့ အချက်သုံးချက်

သင့်ရဲ့ကားမှာ အင်ဂျင်ပလတ် (spark plug) လဲဖို့လိုအပ်နေပြီဆိုတာကို ဒီအချက်သုံးချက်က ညွှန်ပြပါတယ်

(၁) စက်နှိုးပြီး ကားရပ်ထားတဲ့အချိန် (Idle အခြေအနေမှာ)စက်အရမ်းတုန်နေမယ်။ RPM က မငြိမ်ဘူးဖြစ်နေမယ်။

(၂) ကုန်အတက်တွေ၊ ဝန်များတဲ့အချိန်တွေ၊ အမြန်မောင်းတဲ့အချိန်တွေမှာ ကားကတွန့်ဆုတ်တွန့်ဆုတ်ဖြစ်မယ်။ အဲဒါက မီးမကူးတာ (misfire) ဖြစ်တာပါ။ ကိုယ်က လီဗာနင်းနေပေမဲ့ ကားကမထွက်ဘူးဖြစ်နေမယ်။ အဲဒါဟာ ပလတ်လဲဖို့လိုအပ်နေတာပါ။

(၃) ဆီစားများလာမယ်။ ပလတ်မကောင်းရင် ဆီပိုသုံးမှ မီးလောင်ကျွမ်းတာဖြစ်လို့ ဆီပိုကုန်လာမယ်။

ပလတ်ကို ပုံမှန်စစ်ဆေးသင့်ပါတယ်။ ကီလိုနှစ်သောင်းကနေ ကီလိုတစ်သိန်းခွဲအထိ မောင်းနှင်ပြီးတိုင်း ပလတ်ကိုလဲလှယ်သင့်ပါတယ်။

ပလတ်အသစ်လဲလှယ်ရင်သိထားသင့်တဲ့ အချက် သုံးချက်ကတော့

(၁) မိမိကားအတွက် သင့်တော်မယ့် spark plug heat value ကို သတိထားပါ။

(၂) Platinum နဲ့ Iridium ပလတ်တွေဟာ Copper နဲ့ Nickel ပလတ်တွေထက်အကြမ်းပိုခံပါတယ်။ အဆွဲအရုန်းပိုကောင်းစေပါတယ်။

(၃) ကားထုတ်လုပ်တဲ့ ကုမ္မဏီကသတ်မှတ်ပေးထားတဲ့ ပလတ်ကိုဦးစားပေးသုံးရပါမယ်။ တံဆိပ်တူတာ ရှာမတွေ့ရင် (Cross Reference) လုပ်ပြီးရှာပါ။

ခရက်ဒစ် automobile

Add a Comment

Your email address will not be published. Required fields are marked *