တစ္စံုတစ္ေယာက္ေၾကာင့္ ကိုယ့္တိုင္နာက်င္ ေနရၿပီဆိုရင္ သူ႔ကိုစြန္႔လြတ္ဖို႔ လံုးဝေတြေဝမေနပါနဲ႔

တစ္စံုတစ္ေယာက္ေၾကာင့္ ကိုယ့္တိုင္နာက်င္ ေနရၿပီဆိုရင္ သူ႔ကိုစြန္႔လြတ္ဖို႔ လံုးဝေတြေဝမေနပါနဲ႔

အကယ္၍သာ

ဘဝမွာ တစ္စံုတစ္ေယာက္ေၾကာင့္ ကိုယ့္တိုင္နာက်င္ ေနရၿပီဆိုရင္ သူ႔ကိုစြန္႔လြတ္ဖို႔ လံုးဝေတြေဝမေနပါနဲ႔ ……

တစ္ခ်ိဳ႕ ေသာစြန္႔လႊတ္မႈေတြက ခဏတာထိခိုက္ေပမယ့္တစ္ဘဝလံုးစာ ကိုယ့္အတြက္ ေသာကေတြ ကင္းေစမွာပါ။

ဘဝမွာ တစ္စံုတစ္ေယာက္ေၾကာင့္ ကိုယ္မ်က္ရည္ေတြ က်ေနရၿပီဆိုရင္ မ်က္ရည္ေတြသုတ္ရံုေလာက္နဲ႔ မရပ္လိုက္ပါနဲ႔ ……

သူ႔ကိုပါ အၿပီးတိုင္ေမ့ႏိုင္ေအာင္ႀကိဳးစားပါ အခ်ိန္ခဏေတာ့ ပင္ပန္းေပမယ့္ ေနာင္တစ္ဘဝလံုးစာ သာယာေပ်ာ္ရႊင္ေစမွာပါ။

ဘဝမွာ တစ္စံုတစ္ရာေၾကာင့္ ကိုယ္မာနေတြ ထိခိုက္ခံလာရၿပီဆိုရင္ အ႐ႈံးေပးေခါင္းငုံ့ မေနလိုက္ပါနဲ႔………

အခ်ိဳ႕ ေသာ အမွန္တရားေတြက ခါးသက္ေပမယ့္ ထိေရာက္မႈက ျပင္းထန္ေၾကာင္းျပသလိုက္ပါ ခဏတာ ေမာပန္းသြားေပမယ့္ တစ္ဘဝလံုး သိကၡာရိွစြာ ရပ္တည္ႏိုင္မွာပါ။

ဘဝမွာ တစ္စံုတစ္ရာေၾကာင့္ ကိုယ့္ေအာင္ျမင္မႈအခြင့္အေရးေတြ ဆံုး႐ႈံးလာရၿပီဆိုရင္ စိတ္ပ်က္ဝမ္းနည္း မေနပါနဲ႔ ……

ေအာင္ျမင္တဲ့သူတိုင္းက ဒုကၡဆိုတဲ့အရာကို အႀကိမ္ႀကိမ္ရင္ဆိုင္ ျဖတ္ေက်ာ္ခဲ့ရသူေတြပဲဆိုတာ သတိရပါ ………

တစ္ႀကိမ္ရူံးရံုနဲ႔ တစ္သက္လံုး႐ႈံးသြားတာမ်ိဳး မျဖစ္ဖို႔ စိတ္ဓာတ္ေတြအားတင္းထားသမွ် တစ္ခ်ိန္ခ်ိန္ အခြင့္အေရးေတြ ရွိလာႏိုင္မွာပါ။

အကယ္၍သာ ဘဝမွာ ကိုယ့္ရယူသင့္တာကို ယူတဲ့အခါမ်ိဳး ရဲရဲရင့္ရင့္ယူႏိုင္ၿပီး စြန္႔လႊတ္သင့္တဲ့အရာ မွန္သမွ် ကိုလည္း ျပတ္ျပတ္သားသား စြန္႔ပစ္ႏိုင္ဖို႔ ႀကိဳတင္ျပင္ဆင္ထားပါ……

တစ္ခါတစ္ေလေတာ့ ဘဝမွာ…… အ႐ႈံးလို႔ ေတြးေနသမွ် တကယ္ကို အျမဲတမ္း ႐ႈံးေနေတာ့မွာမို႔ တစ္ခါတစ္ရံ ျပန္ထႏိုင္ဖို႔ စိတ္ဓာတ္ေတြကို ႀကိဳတင္စုစည္းထားႏိုင္ရမယ္

ေနာင္တဆိုတာ မျပတ္သားလို႔ ေနာင္မွရတဲ့ စိတ္ခံစားမႈတစ္စံုရယ္ပါ။

အကယ်၍သာ

ဘဝမှာ တစ်စုံတစ်ယောက်ကြောင့် ကိုယ့်တိုင်နာကျင် နေရပြီဆိုရင် သူ့ကိုစွန့်လွတ်ဖို့ လုံးဝတွေဝေမနေပါနဲ့ ……

တစ်ချို့ သောစွန့်လွှတ်မှုတွေက ခဏတာထိခိုက်ပေမယ့်တစ်ဘဝလုံးစာ ကိုယ့်အတွက် သောကတွေ ကင်းစေမှာပါ။

ဘဝမှာ တစ်စုံတစ်ယောက်ကြောင့် ကိုယ်မျက်ရည်တွေ ကျနေရပြီဆိုရင် မျက်ရည်တွေသုတ်ရုံလောက်နဲ့ မရပ်လိုက်ပါနဲ့ ……

သူ့ကိုပါ အပြီးတိုင်မေ့နိုင်အောင်ကြိုးစားပါ အချိန်ခဏတော့ ပင်ပန်းပေမယ့် နောင်တစ်ဘဝလုံးစာ သာယာပျော်ရွှင်စေမှာပါ။

ဘဝမှာ တစ်စုံတစ်ရာကြောင့် ကိုယ်မာနတွေ ထိခိုက်ခံလာရပြီဆိုရင် အရှုံးပေးခေါင်းငုံ့ မနေလိုက်ပါနဲ့………

အချို့ သော အမှန်တရားတွေက ခါးသက်ပေမယ့် ထိရောက်မှုက ပြင်းထန်ကြောင်းပြသလိုက်ပါ ခဏတာ မောပန်းသွားပေမယ့် တစ်ဘဝလုံး သိက္ခာရှိစွာ ရပ်တည်နိုင်မှာပါ။

ဘဝမှာ တစ်စုံတစ်ရာကြောင့် ကိုယ့်အောင်မြင်မှုအခွင့်အရေးတွေ ဆုံးရှုံးလာရပြီဆိုရင် စိတ်ပျက်ဝမ်းနည်း မနေပါနဲ့ ……

အောင်မြင်တဲ့သူတိုင်းက ဒုက္ခဆိုတဲ့အရာကို အကြိမ်ကြိမ်ရင်ဆိုင် ဖြတ်ကျော်ခဲ့ရသူတွေပဲဆိုတာ သတိရပါ ………

တစ်ကြိမ်ရူံးရုံနဲ့ တစ်သက်လုံးရှုံးသွားတာမျိုး မဖြစ်ဖို့ စိတ်ဓာတ်တွေအားတင်းထားသမျှ တစ်ချိန်ချိန် အခွင့်အရေးတွေ ရှိလာနိုင်မှာပါ။

အကယ်၍သာ ဘဝမှာ ကိုယ့်ရယူသင့်တာကို ယူတဲ့အခါမျိုး ရဲရဲရင့်ရင့်ယူနိုင်ပြီး စွန့်လွှတ်သင့်တဲ့အရာ မှန်သမျှ ကိုလည်း ပြတ်ပြတ်သားသား စွန့်ပစ်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားပါ……

တစ်ခါတစ်လေတော့ ဘဝမှာ…… အရှုံးလို့ တွေးနေသမျှ တကယ်ကို အမြဲတမ်း ရှုံးနေတော့မှာမို့ တစ်ခါတစ်ရံ ပြန်ထနိုင်ဖို့ စိတ်ဓာတ်တွေကို ကြိုတင်စုစည်းထားနိုင်ရမယ်

နောင်တဆိုတာ မပြတ်သားလို့ နောင်မှရတဲ့ စိတ်ခံစားမှုတစ်စုံရယ်ပါ။

Add a Comment

Your email address will not be published. Required fields are marked *