ကိုယ္ပုိင္စီးပြားေရးလုပ္ငန္း မစခင္ မျဖစ္မေန ဒါေတြသိထားပါ

ကိုယ္ပုိင္စီးပြားေရးလုပ္ငန္း မစခင္ မျဖစ္မေန ဒါေတြသိထားပါ

စီးပြားေရးလုပ္ငန္းတစ္ခုကိုအစျပဳေတာ့မယ္ဆိုရင္ေတာ့ လခစားဝန္ထမ္းဘဝလိုေခါင္းေအးေအးေနလို႔မရေတာ့ပါဘူး။ လိုအပ္တဲ့အရာေတြ သိထားရမယ့္အရာေတြအမ်ားအျပားပါပဲ။ တကယ္လို႕ကိုယ္ပိုင္စီးပြားေရးလုပ္ဖို႔စဥ္းစားထားတယ္ ဘာေတြလိုအပ္မလဲစဥ္းစားမရျဖစ္ေနရင္ မျဖစ္မေနလိုအပ္တဲ့အရာေတြသိထားရေအာင္ ေအာက္ပါအခ်က္ေတြကိုဖတ္ၾကည့္လိုက္ပါ။

(၁) ေငြေနာက္ကိုအရမ္းမလိုက္ပါနဲ႕

စီးပြားေရးလုပ္တာပဲပိုက္ဆံလိုခ်င္လို႔ဆိုတာမွန္ပါတယ္ ဒါေပမယ့္လဲေငြေနာက္ပဲအရမ္းလိုက္လြန္းရင္ အမွားေတြပါတတ္ပါတယ္။ ေရရွည္အတြက္လဲၾကည့္ဖုိ႔လိုသလို ကိုယ္ဝါသနာပါတဲ့အရာ ကိုယ္စိတ္အားထက္သန္တဲ့အရာလဲ ျဖစ္ဖို႔လိုပါတယ္။

(၂) မိသားစုကိုဝင္မစြက္ဖက္ပါေစနဲ႕

စီးပြားေရးတစ္ခုကိုအစျပဳတဲ့အခါ မိဘေမာင္နွမေတြနဲ႕အတူူတူလုပ္ကို္င္တာဟာ ေကာင္းက်ိဳးထက္ဆိုးက်ိဳးကပိုမ်ားေစ ပါတယ္။ လူမႈေရးနဲ႕စီးပြားေရးဟာ ေရာယွက္လို႕မေကာင္းတာေၾကာင့္ စပ္တူလုပ္ကိုင္မယ္ဆုိရင္ေတာင္စတင္ကတည္းက သူ႕အပိုင္းကိုယ့္အပိုင္းရွင္းလင္းေအာင္ ခြဲျခားထားတာကအေကာင္းဆံုးပါပဲ။

(၃) ကိုယ့္ရဲ႕ဝန္ထမ္းေတြကိုစိတ္အားထက္သန္ပါေစ

အလုပ္တစ္ခုေအာင္ျမင္ဖုိ႔ဟာ customer ရဲ႕စိတ္ေက်နပ္မႈတစ္ခုတည္းနဲ႕ မျဖစ္နုိင္ပါဘူး။ အမွန္တကယ္အလုပ္လုပ္ရမယ့္ ဝန္ထမ္းေတြကစိတ္အားထက္သန္ေနမွသာ ေအာင္ျမင္တဲ့အလုပ္တစ္ခုျဖစ္နို္င္မွာပါ။ အဲ့ဒါေၾကာင့္ အသစ္စတင္လုပ္ကိုင္တဲ့အလုပ္မုိ႕ ဝန္ထမ္းေတြဘက္က အားငယ္မႈမရွိေအာင္လဲ လစဥ္ဆုေပးတာမ်ိဳးေတြလုပ္ေပးဖို႔ လုိပါတယ္။

(၄) လက္က်န္ေငြကိုမ်က္ေျခမပ်က္ပါေစနဲ႕

လုပ္ငန္းစတင္တဲ့အခ်ိန္မွာေတာ့ ဝင္ေငြထက္ထြက္ေငြကပဲပိုမ်ားေနနုိင္ပါတယ္။ေငြေၾကးအေျခမက်ေသးတဲ့အေျခအေနမွာ လက်န္ေငြျပတ္မသြားဖို႔အပ္တာေၾကာင့္ လက္က်န္ေငြကိုေသေသခ်ာခ်ာစီစစ္ျပီး မကုန္သင့္တဲ့ေနရာမွမကုန္ေအာင္ ထိန္းသိမ္းဖို႔လိုပါတယ္။

(၅) အစပိုင္းမွာခက္ခဲနုိင္တာကုိသတိျပဳပါ

ဘယ္အရာမဆိုအစပိုင္းမွာေတာ့ခက္ခဲၾကတာပါပဲ ပံုမွန္ဝင္ေငြရေနတဲ့အလုပ္ကေနေျပာင္းျပီး ကိုယ္ပို္င္အလုပ္လုပ္တဲ့အခါ အစပို္င္းမွာေတာ့ ေငြေၾကးပိုင္းဆုိင္ရာမွာ မတည္မျငိမ္ျဖစ္နုိင္ပါတယ္။ အဲ့လုိအခ်ိန္မွာအခက္အခဲေတြကို ေၾကာက္ရြံ႕ျပီး လက္ေလွ်ာ့လိုက္လို႔မျဖစ္ပါဘူး။လုပ္ငန္းတစ္ခုအစျပဳတဲ့အခ်ိန္မွာ လူတုိင္းၾကံဳရမယ့္အခက္အခဲျဖစ္တာေၾကာင့္ အားတင္းျပီးေရွ႕ဆက္လုပ္ကိုင္ပါ။

ခရက္ဒစ္ အန္တီေမ

Unicode

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း မစခင် မဖြစ်မနေ ဒါတွေသိထားပါ

စီးပွားရေးလုပ်ငန်းတစ်ခုကိုအစပြုတော့မယ်ဆိုရင်တော့ လခစားဝန်ထမ်းဘဝလိုခေါင်းအေးအေးနေလို့မရတော့ပါဘူး။ လိုအပ်တဲ့အရာတွေ သိထားရမယ့်အရာတွေအများအပြားပါပဲ။ တကယ်လို့ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့စဉ်းစားထားတယ် ဘာတွေလိုအပ်မလဲစဉ်းစားမရဖြစ်နေရင် မဖြစ်မနေလိုအပ်တဲ့အရာတွေသိထားရအောင် အောက်ပါအချက်တွေကိုဖတ်ကြည့်လိုက်ပါ။

(၁) ငွေနောက်ကိုအရမ်းမလိုက်ပါနဲ့

စီးပွားရေးလုပ်တာပဲပိုက်ဆံလိုချင်လို့ဆိုတာမှန်ပါတယ် ဒါပေမယ့်လဲငွေနောက်ပဲအရမ်းလိုက်လွန်းရင် အမှားတွေပါတတ်ပါတယ်။ ရေရှည်အတွက်လဲကြည့်ဖို့လိုသလို ကိုယ်ဝါသနာပါတဲ့အရာ ကိုယ်စိတ်အားထက်သန်တဲ့အရာလဲ ဖြစ်ဖို့လိုပါတယ်။

(၂) မိသားစုကိုဝင်မစွက်ဖက်ပါစေနဲ့

စီးပွားရေးတစ်ခုကိုအစပြုတဲ့အခါ မိဘမောင်နှမတွေနဲ့အတူူတူလုပ်ကို်င်တာဟာ ကောင်းကျိုးထက်ဆိုးကျိုးကပိုများစေ ပါတယ်။ လူမှုရေးနဲ့စီးပွားရေးဟာ ရောယှက်လို့မကောင်းတာကြောင့် စပ်တူလုပ်ကိုင်မယ်ဆိုရင်တောင်စတင်ကတည်းက သူ့အပိုင်းကိုယ့်အပိုင်းရှင်းလင်းအောင် ခွဲခြားထားတာကအကောင်းဆုံးပါပဲ။

(၃) ကိုယ့်ရဲ့ဝန်ထမ်းတွေကိုစိတ်အားထက်သန်ပါစေ

အလုပ်တစ်ခုအောင်မြင်ဖို့ဟာ customer ရဲ့စိတ်ကျေနပ်မှုတစ်ခုတည်းနဲ့ မဖြစ်နိုင်ပါဘူး။ အမှန်တကယ်အလုပ်လုပ်ရမယ့် ဝန်ထမ်းတွေကစိတ်အားထက်သန်နေမှသာ အောင်မြင်တဲ့အလုပ်တစ်ခုဖြစ်နို်င်မှာပါ။ အဲ့ဒါကြောင့် အသစ်စတင်လုပ်ကိုင်တဲ့အလုပ်မို့ ဝန်ထမ်းတွေဘက်က အားငယ်မှုမရှိအောင်လဲ လစဉ်ဆုပေးတာမျိုးတွေလုပ်ပေးဖို့ လိုပါတယ်။

(၄) လက်ကျန်ငွေကိုမျက်ခြေမပျက်ပါစေနဲ့

လုပ်ငန်းစတင်တဲ့အချိန်မှာတော့ ဝင်ငွေထက်ထွက်ငွေကပဲပိုများနေနိုင်ပါတယ်။ငွေကြေးအခြေမကျသေးတဲ့အခြေအနေမှာ လကျန်ငွေပြတ်မသွားဖို့အပ်တာကြောင့် လက်ကျန်ငွေကိုသေသေချာချာစီစစ်ပြီး မကုန်သင့်တဲ့နေရာမှမကုန်အောင် ထိန်းသိမ်းဖို့လိုပါတယ်။

(၅) အစပိုင်းမှာခက်ခဲနိုင်တာကိုသတိပြုပါ

ဘယ်အရာမဆိုအစပိုင်းမှာတော့ခက်ခဲကြတာပါပဲ ပုံမှန်ဝင်ငွေရနေတဲ့အလုပ်ကနေပြောင်းပြီး ကိုယ်ပို်င်အလုပ်လုပ်တဲ့အခါ အစပို်င်းမှာတော့ ငွေကြေးပိုင်းဆိုင်ရာမှာ မတည်မငြိမ်ဖြစ်နိုင်ပါတယ်။ အဲ့လိုအချိန်မှာအခက်အခဲတွေကို ကြောက်ရွံ့ပြီး လက်လျှော့လိုက်လို့မဖြစ်ပါဘူး။လုပ်ငန်းတစ်ခုအစပြုတဲ့အချိန်မှာ လူတိုင်းကြုံရမယ့်အခက်အခဲဖြစ်တာကြောင့် အားတင်းပြီးရှေ့ဆက်လုပ်ကိုင်ပါ။

ခရက်ဒစ် အန်တီမေ

Add a Comment

Your email address will not be published. Required fields are marked *