စိတ္ေကာင္းရွိတဲ့သူေတြမွာသာ ေတြ႕ရတတ္တဲ့ လကၡဏာ (၅)ခု

စိတ္ေကာင္းရွိတဲ့သူေတြမွာသာ ေတြ႕ရတတ္တဲ့ လကၡဏာ (၅)ခု

လူတစ္ေယာက္အသက္ရွင္သန္ရပ္တည္ဖို႕ရာ ပညာတတ္ဖို႕၊ ေပါင္းသင္းဆက္ဆံေရးေကာင္းဖို႕၊ ထက္ျမက္ဖုိ႕ စတဲ့အခ်က္ေတြလိုအပ္တယ္ဆိုေပမယ့္ တကယ္တမ္းအလိုအပ္ဆံုးအခ်က္ကေတာ့ စိတ္ေကာင္းရွိဖို႕ပါေနာ္။ စိတ္ေကာင္းရွိဖို႕ဆိုတာ လြယ္မေယာင္နဲ႕ခက္၊ တိမ္မေယာင္နဲ႕နက္ပါတယ္။ ဘာလို႕လဲဆိုေတာ့ စိတ္ေကာင္းစိတ္တယ္ဆိုတာ ဟန္ေဆာင္လို႕မရလို႕ပါ။ စိတ္ေကာင္းရိွသူေတြမွာ ေတြရတဲ့ အခ်က္ကေလးေတြကို ေဖာ္ျပေပးလိုက္မယ္ေနာ္..

(၁) ရိုးသားတယ္

စိတ္ေကာင္းရွိတဲ့သူေတြဟာ သူတို႕နဲ႕ပတ္သက္တဲ့သူတိုင္းအေပၚမွာ ရိုးသားတယ္။ ကိုယ့္စိတ္ရင္းအတိုင္းဆက္ဆံတတ္တယ္။ ဟန္မေဆာင္တတ္ဘူး။ လူတစ္ေယာက္ရဲ႕အေရွ႕မွာပဲျဖစ္ျဖစ္၊ ကြယ္ရာမွာပဲျဖစ္ျဖစ္ ရုိးသားစြာဆက္ဆံတတ္တယ္။

(၂) သူမ်ားအတြက္ေတြးေပးတတ္တယ္

စိတ္ေကာင္းရွိတဲ့သူေတြဟာ ကိုယ့္ကိုယ္ကိုအရမ္းဦးစားေပးတဲ့ အတၱသမားေတြမဟုတ္ပါဘူး။ ကိုယ့္ကိုယ္ကိုနွိမ့္ခ်ျပီး သူမ်ားအတြက္ေတြးေပးတတ္တဲ့သူေတြျဖစ္ပါတယ္။

(၃) အားနာတတ္တယ္

သူမ်ားက အကူအညီတစ္ခုေတာင္းလာရင္ ျငင္းလိုက္ရမွာစိုးျပီး တတ္နိုင္သေလာက္ကူညီတတ္ပါတယ္။ ဒီလိုကူညီတတ္တယ္ဆိုတာကလည္း အားနာလို႕ျဖစ္ျပီး အဲ့လိုအားနာတယ္ဆိုတာကလည္း အ လုိ႕မဟုတ္ဘဲ စိတ္ေကာင္းရွိလို႕ျဖစ္ပါတယ္။

(၄) ၾကင္နာတတ္တယ္၊ကူညီတတ္တယ္

စိတ္ေကာင္းရွိတဲ့သူေတြဟာ ၾကင္နာတတ္တဲ့စိတ္နွလံုးသားရွိျပီး တစ္ဖက္သားကိုကူညီတတ္ၾကပါတယ္။ ကိုယ့္ထက္သာတဲ့သူေတြကိုလည္း မနာလိုတာေတြမရွိသလို၊ ကိုယ့္ထက္အားနည္းတဲ့သူေတြကိုလည္း ေဖးမတတ္တဲ့သူေတြျဖစ္ပါတယ္။

(၅) နားလည္ေပးတတ္တယ္

ကိုယ္ခ်စ္ရတဲ့သူေတြအေပၚ နားလည္ေပးတတ္တဲ့သူေတြျဖစ္တယ္။ သူတို႕ေတြကိုယ့္အေပၚအမွားလုပ္တာေတြ၊ ကတိမတည္တာေတြရွိရင္ေတာင္ ဒါေတြကို အျငိုးအေတးမထားဘဲ နားလည္ခြင့္လႊတ္ေပးတတ္ပါတယ္။ ဒါကလည္း အ လို႕၊ နားမလည္လို႕မဟုတ္ဘဲ တစ္ဖက္သားအေပၚ အျပစ္မတင္ခ်င္လို႕၊ စိတ္ေကာင္းရွိလို႕ျဖစ္ပါတယ္။

ခရက္ဒစ္ မူရင္း

Unicode

စိတ်ကောင်းရှိတဲ့သူတွေမှာသာ တွေ့ရတတ်တဲ့ လက္ခဏာ (၅)ခု

လူတစ်ယောက်အသက်ရှင်သန်ရပ်တည်ဖို့ရာ ပညာတတ်ဖို့၊ ပေါင်းသင်းဆက်ဆံရေးကောင်းဖို့၊ ထက်မြက်ဖို့ စတဲ့အချက်တွေလိုအပ်တယ်ဆိုပေမယ့် တကယ်တမ်းအလိုအပ်ဆုံးအချက်ကတော့ စိတ်ကောင်းရှိဖို့ပါနော်။ စိတ်ကောင်းရှိဖို့ဆိုတာ လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့နက်ပါတယ်။ ဘာလို့လဲဆိုတော့ စိတ်ကောင်းစိတ်တယ်ဆိုတာ ဟန်ဆောင်လို့မရလို့ပါ။ စိတ်ကောင်းရှိသူတွေမှာ တွေရတဲ့ အချက်ကလေးတွေကို ဖော်ပြပေးလိုက်မယ်နော်..

(၁) ရိုးသားတယ်

စိတ်ကောင်းရှိတဲ့သူတွေဟာ သူတို့နဲ့ပတ်သက်တဲ့သူတိုင်းအပေါ်မှာ ရိုးသားတယ်။ ကိုယ့်စိတ်ရင်းအတိုင်းဆက်ဆံတတ်တယ်။ ဟန်မဆောင်တတ်ဘူး။ လူတစ်ယောက်ရဲ့အရှေ့မှာပဲဖြစ်ဖြစ်၊ ကွယ်ရာမှာပဲဖြစ်ဖြစ် ရိုးသားစွာဆက်ဆံတတ်တယ်။

(၂) သူများအတွက်တွေးပေးတတ်တယ်

စိတ်ကောင်းရှိတဲ့သူတွေဟာ ကိုယ့်ကိုယ်ကိုအရမ်းဦးစားပေးတဲ့ အတ္တသမားတွေမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုနှိမ့်ချပြီး သူများအတွက်တွေးပေးတတ်တဲ့သူတွေဖြစ်ပါတယ်။

(၃) အားနာတတ်တယ်

သူများက အကူအညီတစ်ခုတောင်းလာရင် ငြင်းလိုက်ရမှာစိုးပြီး တတ်နိုင်သလောက်ကူညီတတ်ပါတယ်။ ဒီလိုကူညီတတ်တယ်ဆိုတာကလည်း အားနာလို့ဖြစ်ပြီး အဲ့လိုအားနာတယ်ဆိုတာကလည်း အ လို့မဟုတ်ဘဲ စိတ်ကောင်းရှိလို့ဖြစ်ပါတယ်။

(၄) ကြင်နာတတ်တယ်၊ကူညီတတ်တယ်

စိတ်ကောင်းရှိတဲ့သူတွေဟာ ကြင်နာတတ်တဲ့စိတ်နှလုံးသားရှိပြီး တစ်ဖက်သားကိုကူညီတတ်ကြပါတယ်။ ကိုယ့်ထက်သာတဲ့သူတွေကိုလည်း မနာလိုတာတွေမရှိသလို၊ ကိုယ့်ထက်အားနည်းတဲ့သူတွေကိုလည်း ဖေးမတတ်တဲ့သူတွေဖြစ်ပါတယ်။

(၅) နားလည်ပေးတတ်တယ်

ကိုယ်ချစ်ရတဲ့သူတွေအပေါ် နားလည်ပေးတတ်တဲ့သူတွေဖြစ်တယ်။ သူတို့တွေကိုယ့်အပေါ်အမှားလုပ်တာတွေ၊ ကတိမတည်တာတွေရှိရင်တောင် ဒါတွေကို အငြိုးအတေးမထားဘဲ နားလည်ခွင့်လွှတ်ပေးတတ်ပါတယ်။ ဒါကလည်း အ လို့၊ နားမလည်လို့မဟုတ်ဘဲ တစ်ဖက်သားအပေါ် အပြစ်မတင်ချင်လို့၊ စိတ်ကောင်းရှိလို့ဖြစ်ပါတယ်။

ခရက်ဒစ် မူရင်း

Add a Comment

Your email address will not be published. Required fields are marked *