စံပယ္ပင္ေလးေတြ အပြင့္မ်ားမ်ားပြင့္ေအာင္ ဒီလိုစိုက္ပါ

စံပယ္ပင္ေလးေတြ အပြင့္မ်ားမ်ားပြင့္ေအာင္ ဒီလိုစိုက္ပါ

၁။ စံပယ္ပင္ေလးေတြစိုက္ေတာ့မယ္ဆိုရင္ အိုးနဲ႔စုိက္မွာလား၊ ေျမမွာ ခ်ၿပီးစိုက္မွာလား… ေရြးပါ။ အိုးနဲ႔စိုက္မယ္ဆိုရင္လည္း အိုးက ေရမဝပ္ေအာင္ ေအာက္ေျခမွာ အေပါက္ေလးေတြပါတဲ့အိုးနဲ႔ စိုက္ပါ။ ေျမမွာ စိုက္မယ္ဆိုရင္လည္း ေရမဝပ္ႏိုင္တဲ့ေနရာမွာ စိုက္ပါ။

၂။ စံပယ္ပင္ေလးေတြဟာ ေနေရာင္ႀကိဳက္ပါတယ္။ အလင္းေရာင္ေကာင္းေကာင္းရတဲ့ေနရာမွာ စိုက္ပါ။

၃။ စံပယ္ပင္ေလးေတြကို တစ္ေန႔တစ္ႀကိမ္ေရေလာင္းပါ။ ေရေလာင္းတဲ့အခါမွာ ေအာက္ေျခေျမႀကီးကိုပဲ ေလာင္းပါ။ သစ္ရြက္ေလးေတြကို ေရမစိုပါေစနဲ႔။ စံပယ္ရြက္ေလးေတြကို ေရစိုသြားရင္ ေနေရာင္နဲ႔ထိတဲ့အခါမွာ အရြက္ေလးေတြ ပုပ္သြားတတ္ပါတယ္။

၄။ စံပယ္မ်ိဳးစိတ္အမ်ားစုက ႏြယ္တက္တတ္ပါတယ္။ စံပယ္ပင္နားမွာ တိုင္ေလးျဖစ္ျဖစ္၊ စင္ေလးျဖစ္ျဖစ္ ထားေပးပါ။

၅။ စံပယ္ပြင့္ေလးေတြ အၿမဲတမ္း ေဝေနေစခ်င္ရင္ တစ္လတစ္ခါေလာက္ေတာ့ ေျမၾသဇာသံုးေပးပါ။ ပ်ိဳးပင္ဆိုင္ေလးေတြမွာ စံပယ္ပင္အတြက္ ေျမၾသဇာဝယ္ႏုိင္ပါတယ္။

၆။ စံပယ္ပင္ေလးေတြကို ကိုင္းညွပ္ေပးပါ။ မခူးျဖစ္တဲ့ အပြင့္ေျခာက္ေတြ၊ အရြက္ေျခာက္ေတြ၊ ကိုင္းေျခာက္ေတြကို ကတ္ေၾကးနဲ႔ ညွပ္ပါ။ သတိထားရမွာက ပန္းပြင့္ေနခ်ိန္မွာ ကိုင္းမညွပ္ပါနဲ႔။ ပန္းပြင့္ႏႈန္းေလ်ာ့သြားတတ္လို႔ပါ။

၇။ အျပင္မွာ ရာသီဥတုအရမ္းေအးလြန္းရင္ စံပယ္ပင္ေလးကို အိမ္ထဲေရႊ႕ထားပါ။ ေျမမွာစိုက္ထားတယ္ဆိုရင္ အပင္ေျခနားတဝုိက္ကို ေကာက္ရိုးေလးေတြ ပံုထားေပးပါ။

၈။ ရာသီဥတုပူလြန္းရင္လည္း စံပယ္ပင္ေလးေတြ ပူၿပီးေျခာက္မသြားေအာင္ ေရမၾကာခဏေလာင္းေပးပါ။

၉။ သင့္စံပယ္ပင္ေလးေတြ အပြင့္မပြင့္တာၾကာၿပီ၊ အရြက္ၾကမ္းေတြပဲ ထြက္ေနတယ္ဆိုရင္ ေျမႀကီးကို nitrogen ေလးထည့္ေပးပါ။ ၿပီးရင္ အေပၚကေျပာခဲ့တဲ့ အခ်က္ေတြနဲ႔ ကိုက္ညီရဲ႕လား ျပန္စစ္ပါ။

၁ဝ။ စံပယ္ပန္းေလးေတြကို ခူးရင္ ကတ္ေၾကးထက္ထက္နဲ႔ ညွပ္ၿပီး ခူးပါ။ လက္နဲ႔ မခ်ိဳးပါနဲ႔၊ မဆိတ္ပါနဲ႔။ ခူးၿပီးသားစံပယ္ပြင့္ေလးေတြကို ၾကာရွည္လတ္ဆတ္ေနခ်င္ရင္ ရိုးတံေလးကို ေရထဲစိမ္ထားပါ။

၁၁။ စံပယ္ဖူးေလးေတြကိုသံုးၿပီး က်န္းမာေရးအတြက္ အေထာက္အကူျဖစ္ေစတဲ့ Jasmine Tea ေလး လုပ္ေသာက္လို႔ရပါတယ္။

မနက္ေစာေစာမွာ စံပယ္ဖူးေလးေတြကို ခူးပါ။ မနက္ေစာေစာအခ်ိန္က စံပယ္ဖူးေလးေတြအတြက္ အေမႊးဆံုးနဲ႔ အာနိသင္အေကာင္းဆံုးအခ်ိန္ပါ။

ၿပီးရင္ စံပယ္ဖူးေလးေတြကို ဗန္းသန္႔သန္႔ေလးမွာ ထည့္ခင္းၿပီး ေနပူလွန္းပါ။ ေနပူလွန္းတဲ့အခါ ေနေရာင္တိုက္ရိုက္မထိပါေစနဲ႔။ မွန္ျပတင္းကို ျဖတ္ၿပီးဝင္လာတဲ့ ေနေရာင္နဲ႔လွမ္းပါ။

တစ္ေန႔နဲ႔ တစ္ညလွမ္းၿပီးသြားရင္ စံပယ္ဖူးေလးေတြကို ေလလံုတဲ့ဘူးထဲထည့္ထားလိုက္ပါ။

ၿပီးရင္ ေရေႏြးပူပူထဲကို ၄၊ ၅ ဖူးေလာက္ခတ္ၿပီး ေသာက္ပါ။ ႏွလံုးေရာဂါအတြက္ တကယ္ကို အသံုးဝင္ပါတယ္။

ခရက္ဒစ္ ဂႏၳဝင္မဂၢဇင္း

Unicode

စံပယ်ပင်လေးတွေ အပွင့်များများပွင့်အောင် ဒီလိုစိုက်ပါ

၁။ စံပယ်ပင်လေးတွေစိုက်တော့မယ်ဆိုရင် အိုးနဲ့စိုက်မှာလား၊ မြေမှာ ချပြီးစိုက်မှာလား… ရွေးပါ။ အိုးနဲ့စိုက်မယ်ဆိုရင်လည်း အိုးက ရေမဝပ်အောင် အောက်ခြေမှာ အပေါက်လေးတွေပါတဲ့အိုးနဲ့ စိုက်ပါ။ မြေမှာ စိုက်မယ်ဆိုရင်လည်း ရေမဝပ်နိုင်တဲ့နေရာမှာ စိုက်ပါ။

၂။ စံပယ်ပင်လေးတွေဟာ နေရောင်ကြိုက်ပါတယ်။ အလင်းရောင်ကောင်းကောင်းရတဲ့နေရာမှာ စိုက်ပါ။

၃။ စံပယ်ပင်လေးတွေကို တစ်နေ့တစ်ကြိမ်ရေလောင်းပါ။ ရေလောင်းတဲ့အခါမှာ အောက်ခြေမြေကြီးကိုပဲ လောင်းပါ။ သစ်ရွက်လေးတွေကို ရေမစိုပါစေနဲ့။ စံပယ်ရွက်လေးတွေကို ရေစိုသွားရင် နေရောင်နဲ့ထိတဲ့အခါမှာ အရွက်လေးတွေ ပုပ်သွားတတ်ပါတယ်။

၄။ စံပယ်မျိုးစိတ်အများစုက နွယ်တက်တတ်ပါတယ်။ စံပယ်ပင်နားမှာ တိုင်လေးဖြစ်ဖြစ်၊ စင်လေးဖြစ်ဖြစ် ထားပေးပါ။

၅။ စံပယ်ပွင့်လေးတွေ အမြဲတမ်း ဝေနေစေချင်ရင် တစ်လတစ်ခါလောက်တော့ မြေသြဇာသုံးပေးပါ။ ပျိုးပင်ဆိုင်လေးတွေမှာ စံပယ်ပင်အတွက် မြေသြဇာဝယ်နိုင်ပါတယ်။

၆။ စံပယ်ပင်လေးတွေကို ကိုင်းညှပ်ပေးပါ။ မခူးဖြစ်တဲ့ အပွင့်ခြောက်တွေ၊ အရွက်ခြောက်တွေ၊ ကိုင်းခြောက်တွေကို ကတ်ကြေးနဲ့ ညှပ်ပါ။ သတိထားရမှာက ပန်းပွင့်နေချိန်မှာ ကိုင်းမညှပ်ပါနဲ့။ ပန်းပွင့်နှုန်းလျော့သွားတတ်လို့ပါ။

၇။ အပြင်မှာ ရာသီဥတုအရမ်းအေးလွန်းရင် စံပယ်ပင်လေးကို အိမ်ထဲရွှေ့ထားပါ။ မြေမှာစိုက်ထားတယ်ဆိုရင် အပင်ခြေနားတဝိုက်ကို ကောက်ရိုးလေးတွေ ပုံထားပေးပါ။

၈။ ရာသီဥတုပူလွန်းရင်လည်း စံပယ်ပင်လေးတွေ ပူပြီးခြောက်မသွားအောင် ရေမကြာခဏလောင်းပေးပါ။

၉။ သင့်စံပယ်ပင်လေးတွေ အပွင့်မပွင့်တာကြာပြီ၊ အရွက်ကြမ်းတွေပဲ ထွက်နေတယ်ဆိုရင် မြေကြီးကို nitrogen လေးထည့်ပေးပါ။ ပြီးရင် အပေါ်ကပြောခဲ့တဲ့ အချက်တွေနဲ့ ကိုက်ညီရဲ့လား ပြန်စစ်ပါ။

၁ဝ။ စံပယ်ပန်းလေးတွေကို ခူးရင် ကတ်ကြေးထက်ထက်နဲ့ ညှပ်ပြီး ခူးပါ။ လက်နဲ့ မချိုးပါနဲ့၊ မဆိတ်ပါနဲ့။ ခူးပြီးသားစံပယ်ပွင့်လေးတွေကို ကြာရှည်လတ်ဆတ်နေချင်ရင် ရိုးတံလေးကို ရေထဲစိမ်ထားပါ။

၁၁။ စံပယ်ဖူးလေးတွေကိုသုံးပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ Jasmine Tea လေး လုပ်သောက်လို့ရပါတယ်။

မနက်စောစောမှာ စံပယ်ဖူးလေးတွေကို ခူးပါ။ မနက်စောစောအချိန်က စံပယ်ဖူးလေးတွေအတွက် အမွှေးဆုံးနဲ့ အာနိသင်အကောင်းဆုံးအချိန်ပါ။

ပြီးရင် စံပယ်ဖူးလေးတွေကို ဗန်းသန့်သန့်လေးမှာ ထည့်ခင်းပြီး နေပူလှန်းပါ။ နေပူလှန်းတဲ့အခါ နေရောင်တိုက်ရိုက်မထိပါစေနဲ့။ မှန်ပြတင်းကို ဖြတ်ပြီးဝင်လာတဲ့ နေရောင်နဲ့လှမ်းပါ။

တစ်နေ့နဲ့ တစ်ညလှမ်းပြီးသွားရင် စံပယ်ဖူးလေးတွေကို လေလုံတဲ့ဘူးထဲထည့်ထားလိုက်ပါ။

ပြီးရင် ရေနွေးပူပူထဲကို ၄၊ ၅ ဖူးလောက်ခတ်ပြီး သောက်ပါ။ နှလုံးရောဂါအတွက် တကယ်ကို အသုံးဝင်ပါတယ်။

ခရက်ဒစ် ဂန္ထဝင်မဂ္ဂဇင်း

Add a Comment

Your email address will not be published. Required fields are marked *